စိတ်နှလုံး၏တောင့်တမှု
သွားစရာကိစ္စရှိသဖြင့် ကျွန်မ၏ခင်ပွန်းနှင့်အတူ ကားဖြင့်သွားရင်း ဖုန်းမှ အီးမေးလ်အချို့ကို ကြည့်နေစဉ် လမ်း၏ညာဘက်ရှိ ယခုပင် ဖြတ်သန်းသွားခဲ့သော ဒိုးနတ်မုန့်ဆိုင်တစ်ဆိုင်မှ ကြော်ငြာတစ်ခုကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားခဲ့သည်။ ရုတ်တရက် ဆာလောင်မှုကြောင့် ကျွန်မ၏အစာအိမ်မှာ အသံမြည်လာသည်။ နည်းပညာက ကုန်ထုတ်လုပ်သူတို့အား သူတို့၏ထုတ်ကုန်များကို ကျွန်မတို့ စွဲမက်အောင်ပြုနိုင်ခြင်းကို ကျွန်မအံ့သြနေမိသည်။
အီးမေးလ်ကို ပိတ်လိုက်ပြီး ဘုရားသခင် ကျွန်မကို သူ့ထံဆွဲခေါ်မှုအပေါ် တွေးတောရင်း နစ်မြောနေမိသည်။ ကျွန်မ မည်သည့်နေရာ၌ရှိသည်ကို ကိုယ်တော်သိပြီး ကျွန်မ၏ ရွေးချယ်မှုအပေါ် ကိုယ်တော်သြဇာညောင်း လွှမ်းမိုး လိုသည်။ ဒိုးနတ် မုန့်ကို ကျွန်မ၏အစာအိမ်တောင့်တသကဲ့သို့ ကျွန်မ၏နှလုံးသားက ဘုရားသခင်ကို တောင့်တနေပါ သလားဟု သုံးသပ်နေမိသည်။
ယောဟန် ၆ ၌ လူငါးထောင်အား နိမိတ်လက္ခဏာပြ ကျွေးမွေးပြီးနောက် တပည့်တော်များက သခင်ယေရှုအား ‘‘လောကသားတို့အား အသက်ကိုပေးသော ထိုအသက်မုန့်ကို’’ပေးရန် (း၃၃-၃၄) တောင်းဆိုခဲ့ကြသည်။ အခန်းငယ်…
နာကျင်မှုကို ဖုံးကွယ်ထားခြင်း
အသင်းတော်တစ်ခုတွင် ကျွန်မတရားဟောခွင့်ရပြီး ကျွန်မဟောပြောသော ခေါင်းစဉ်မှာ မိမိ၏ကြေကွဲမှုများကို ဘုရားသခင်ထံတင်ပြပြီး လွှတ်ငြိမ်းချမ်းသာမှုကို လက်ခံရယူခြင်းနှင့် ပတ်သက်သော အကြောင်းအရာဖြစ်သည်။ ဆုတောင်းခြင်းဖြင့် အဆုံးမသတ်မီ သင်းအုပ်ဆရာသည် လျှောက်လမ်းအလယ်တွင် ရပ်ကာ လူပရိသတ်ကို နက်ရှိုင်းစွာ ကြည့်လျက် ‘‘သင်းအုပ်ဆရာ တစ်ယောက်အနေဖြင့် သင်တို့၏ကျိုးပဲ့ကြေမွမှုများကို ကြားသိ မြင်တွေ့ခွင့် ရခဲ့သည်။ ထို့နောက် ၀တ်ပြုကိုးကွယ်ချိန်များတွင် မိမိတို့၏နာကျင်မှုများကို ဖုံးကွယ်ထားသည့် သင် တို့ကို ကြည့်ပြီး ကျွန်ုပ်နာကျင်ခံစားရသည်” ဟုပြောခဲ့သည်။
မိမိ၏နာကျင်မှုကို ဖုံးကွယ်ထားလည်း နာကျင်နေ သော နှလုံးသားကို ဘုရားသခင် ကုသပေးသည်။ ဟေဗြဲသြ၀ါဒစာကို ရေးသားသူက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်ပြီး လှုပ်ရှား နေသည်ဟု ဖော်ပြထားသည်။ နှုတ်ကပတ်တော်ဆိုလျှင် ကျမ်းစာဟုသာ အများက နားလည်သဘောပေါက်သော်လည်း ထိုထက်ပို၍နက်နဲသည်။ သခင်ယေရှုသည် အသက်ရှင်သောဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ ကျွန်မတို့၏ အတွေးအခေါ်၊ အကြံအစည၊်…
ရပ်
ကျွန်မသူငယ်ချင်းနှင့် ကျွန်မသည် စည်းချက်ကျစွာ လှုပ်ခတ်နေသော သမုဒ္ဒရာ သဲသောင်ပြင်တွင် ထိုင်နေသည်။ မိုးကုပ်စက်ဝိုင်းသို့် နေဝင်နေစဉ် လှိုင်းလုံးများ တစ်လုံးပြီးတစ်လုံး လိမ့်တက်လာကာ ဆန့်တန်းထားသော ခြေဖျားလေးသို့ မရောက် တရောက်တွင် လှိုင်းလုံးသေးသွားပြီး ရပ်သွားသည်။ သူပြုံးလျက် ‘‘ပင်လယ်ကို ငါသဘောကျတယ်။ သူက ရွေ့လာလို့ ငါရွေ့စရာ မလိုဘူး’’ ဟု ဆိုသည်။
စဉ်းစားစရာ အတွေးတစ်စကို ကျွန်မရလိုက်သည်။ ကျွန်မတို့အများစုက ရပ်တန့်ရန် ကြိုးစားရုန်းကန်နေ ကြသည်။ ကျွန်မတို့၏ ကြိုးစားရုန်းကန်မှုကို ရပ်တန့် လိုက်လျှင် ဘာမှန်းမသိ မိမိ၏ဖြစ်တည်မှုလည်း ပျောက်သွား မည်ကို စိုးကြောက်လျက် ကျွန်မတို့ဆက်လုပ်နေသည်၊ ဆက်သွားနေကြသည်။
ဆာလံ ၄၆း၈-၉ တွင် ဘုရားသခင်၏ ကြီးမားပြီး အကန့်အသတ်မရှိသော လက်ရုံးတော်တန်ခိုးကို သရုပ်ပြထားသည်။ ‘‘ထာဝရဘုရားစီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်း အမှုတော်များကို လာ၍ကြည့်ရှုကြလော့။ လေးကိုချိုးလျက်၊ လှံကို…
သစ်ပင်ပေါ်တွင်
သီးသန့်ဖယ်ထားသော အိမ်လုပ်ပေါင်မုန့်ကို ကျွန်တော့်ကြောင်လေး ဗဲဗက် က မီးဖိုချောင်ထောင့်နားတွင် အားရပါးရစားနေသည်ကို ကျွန်တော့်အမေ တွေ့သွားသည်။ စိတ်တိုတိုနှင့် အမေ သူ့ကို အပြင်သို့ မောင်းထုတ်ခဲ့သည်။ နာရီများစွာ ကြာပြီးနောက်တွင် ကြောင်လေးကို ခြံဝင်းထဲတွင် ကျွန်တော်တို့ ရှာဖွေသော်လည်း မတွေ့ပါ။ ကြောက်ရွံ့ တကြီးနှင့် ကြောင်အော်သံကို လေထဲတွင် ကြားနေရပြီး မော့ကြည့်လိုက်ရာ ပေါ်ပလာပင် ထိပ်ဖျားတွင် ညစ်ပတ် ပေကျံနေသော ကြောင်လေးကို တွေ့လိုက်ရသည်။
သူ့အပြုအမူအတွက် ကျွန်တော့်မိခင်၏ ဒေါသမှ လွတ်မြောက်ရန် အလျင်စလိုထွက်ပြေးသည်တွင် ပြုတ်ကျရန် တည်းတည်းသာလိုတော့သည့် အကြပ်အတည်းလမ်းကို သူရွေးချယ်မိသည်။ တစ်ခါတစ်ရံတွင် ကျွန်တော်တို့လည်း ထိုနည်းတူ အမှားလုပ်ပြီး ထွက်ပြေးရင်း မိမိတို့ကိုယ်ကို အန္တရာယ်ထဲသို့ ကျရောက်စေမိသည်။ ထို့နောက် ဘုရားသခင်က ကျွန်တော်တို့ကို လာ၍ ကယ်တင်ရသည်။
နိနဝေမြို့သို့ သွားရောက်ကြွေးကြော်ရန် ဘုရားသခင်၏ဆင့်ခေါ်သံကို ပရောဖက် ယောန မနာခံဘဲ…
ဘယ်နေရာမဆို
မင်္ဂလာဆောင်စဉ်က ဓာတ်ပုံများကို ကျွန်မပြန်ကြည့်ရင်း ခရစ်ယာန်အိမ်ထောင်သစ်ကို ထူထောင်ခဲ့သည့် ကျွန်မတို့ ဇနီးမောင်နှံအား Mr. and Mrs. ကင်ပွန်းတပ်ပေးသည့် ဓာတ်ပုံကို ပြန်တွေ့သောအခါ ‘‘ရှင်နဲ့ ဘယ်နေရာကိုမဆို သွားမယ်’’ ဟု ကျွန်မ သူ့ကို ရည်စူးပြီး ပေးခဲ့သောကတိကို ပြန်ပြီး အောက်မေ့သတိရခဲ့သည်။
နှစ်ပေါင်းလေးဆယ်နီးပါးကြာသည်အထိ အကောင်း အဆိုး အခြေအနေအမျိုးမျိုးကြားတွင် ကျွန်မတို့၏ချစ်ခြင်း မေတ္တာ၊ ပေးခဲ့သည့်ကတိက၀တ်များက အိမ်ထောင်ကို
မြဲမြံစွာ ချည်နှောင်သည်။ ‘‘သူနှင့် ဘယ်နေရာမဆိုသွားမည်’’ ဆိုသည့်ကတိကို တစ်နှစ်ပြီးတစ်နှစ် ကျွန်မထပ်ပေးခဲ့သည်။
ယေ ၂း၂ တွင် ထာဝရဘုရားသခင်သည် သူချစ်သည့် တစ်ကိုယ်ကောင်းဆန်သော ဣသရေလလူမျိုးများကို အောက်မေ့လျက် ‘‘သင်သည် ငါ့နောက်သို့လိုက်သောအခါ အသက်အရွယ်နုငယ်၍ ခံရသောကျေးဇူးကို လည်းကောင်း၊ ထိမ်းမြားပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်းမေတ္တာကို လည်းကောင်း ငါအောက်မေ့၏’’ ဟုဆိုခဲ့သည်။ ဟေဗြဲ ဘာသာစကားတွင် ‘‘ကိုးကွယ်ဆည်းကပ်ခြင်း’’ ဆိုသည်မှာ…
အမွေအနှစ်ကို လက်ဆင့်ကမ်းခြင်း
ဖုန်းသံမြည်လာပြီး မက်ဆေ့ဂ်ျ စာဝင်လာကြောင်း ဖော်ပြနေသည်။ သမီးက ကျွန်မ အဖွား၏ ပူရှိန်းရေခဲမုန့် ပြုလုပ်နည်းကို လိုချင်၍ဖြစ်သည်။ မုန့်လုပ်နည်း စုထားသော ဗူးဟောင်းထဲရှိ အ၀ါရောင်ကဒ်များကို မွှေနှောက်ရှာဖွေကြည့်ရာ အဖွား၏လက်ရေးဖြင့် ရေးထားပြီး အမေကလည်း လက်ရေးသေးသေးလေးများနှင့် လိုက်မှတ်ထားသော မုန့်လုပ်နည်း ကဒ်လေးကို ပြန်တွေ့သည်။ သမီးတောင်းခံ လာသည့် ပူရှိန်းရေခဲမုန့်လုပ်နည်းကို ကျွန်မတို့မိသားစု၏ မျိုးဆက်လေးဆက်သို့ပင် လက်ဆင့်ကမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
မိသားစု၏မျိုးဆက်သစ်များသို့ ဘိုးစဉ်ဘောင်ဆက် အခြားမည်သည့်အမွေအနှစ်များကို လက်ဆင့်ကမ်းနိုင် မည်နည်း။ ယုံကြည်ခြင်းနှင့် ပတ်သက်၍ ရွေးချယ်မှုများက မည်သို့ရှိသနည်း။ မုန့်လုပ်နည်းအပြင် ကျွန်မအဖွား၏ ယုံကြည်ခြင်း၊ ကျွန်မ၏ယုံကြည်ခြင်းတို့က သမီးနှင့်အတူ သူ့သားသမီးများ၏အသက်တာ၌ သက်ဝင်လှုပ်ရှားနေပါ သလား ဟူ၍ ကျွန်မတွေးမိသည်။
ဆာလံ ၇၉ ၌ ဆာလံဆရာသည် ယုံကြည်ခြင်း မဏ္ဍိုင်ပြိုလဲကာ နာခံမှုမရှိ ခေါင်းမာကြသော ဣသရေလ လူမျိုး များကြောင့် ၀မ်းနည်းကြေကွဲနေသည်။…
ကျေးဇူးတော်ခွက်ဖလား
ကွန်ပြူတာဖြင့် ကျွန်မအလုပ်လုပ်နေစဉ် အီးမေးဝင်လာကြောင်း အချက်ပြ စာတန်းလေး ပေါ်လာသည်။ စိတ်ဝင်စားစရာပါ။ ‘‘သင်သည် ကောင်းချီးမင်္ဂလာဖြစ်သည်’’တဲ့။
သိချင်ဇောဖြင့် စာကို ဖွင့်ဖတ်လိုက်ရာ အဝေးတစ်နေရာရှိ မိတ်ဆွေတစ်ဦးက ကျွန်မတို့မိသားစုအတွက် ဆုတောင်းပေးနေကြောင်း ပြောလာသည့်စာဖြစ်နေသည်။ သူက မီးဖိုချောင်ရှိ စားပွဲပေါ်တွင် ‘‘ကျေးဇူးတော်ခွက်ဖလား’’ ထားရှိပြီး ဓာတ်ပုံပါရှိသည့် ခရစ်စမတ်ကတ်လေးတစ်ခု ထည့်ထားသည်။ ပြီးနောက် ဓာတ်ပုံထဲရှိမိသားစုအတွက် အပတ်တိုင်း ဆုတောင်းပေးသည်။ သူ့စာ၌ ‘‘သင်တို့ကို အောက်မေ့သောအခါခါ ... ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏’’ ဟူသည့် ကျမ်းပိုဒ်ကို ရေးထားပြီး ဘုရားသခင်၏ မေတ္တာတော်ကို အခြားသူများနှင့်ဝေမျှသည့် ကျွန်မတို့၏ သာသနာလုပ်ငန်းအတွက် အလေးထားကြောင်း ဖော်ပြ သည်။ သူသည် ဧဝံဂေလိတရား အဖို့အလိုငှာနှင့် ကျွန်မတို့နှင့် အတူဝန်ထမ်းခြင်းတည်း။
ကျွန်မသူငယ်ချင်းက ထိုကျမ်းချက်လေးကို ကျွန်မထံ တမင်တကာ ပို့ပေး လိုက်ခြင်း ဖြစ်သည်။ ထိုစာကို…
နေ့ရက်တိုင်း အချိန်တိုင်း
စားစရာကုန်ခြောက်များကို ကားထဲသို့သေချာစွာထည့်၍ ကားပါကင်မှ သတိနှင့်ထွက် လိုက်သည်။ သို့သော် ကျွန်မကားထွက်လာသည်ကို သတိမထားမိဘဲ ပလက်ဖောင်း ပေါ်မှ လူတစ်ဦးသည် ရှေ့မှဘွားခနဲ ရုတ်တရက် ပေါ်လာသည်။ ဘရိတ်ကို ဆောင့်နင်း လိုက်သောကြောင့် ကတ်သီးလေးလွှတ်သွားသည်။ သူလည်း လန့်ဖြန့်သွားပြီး မော့အကြည့် ကျွန်မနှင့် အကြည့်ချင်းဆုံသွားသည်။ ထိုအချိန်တွင် စိတ်ဆိုးဒေါသထွက်နေသောအကြည့်နှင့်စားစရာကုန်ခြောက်များကို ကားထဲသို့သေချာစွာထည့်၍ ကားပါကင်မှ သတိနှင့်ထွက် လိုက်သည်။ သို့သော် ကျွန်မကားထွက်လာသည်ကို သတိမထားမိဘဲ ပလက်ဖောင်း ပေါ်မှ လူတစ်ဦးသည် ရှေ့မှဘွားခနဲ ရုတ်တရက် ပေါ်လာသည်။ ဘရိတ်ကို ဆောင့်နင်း လိုက်သောကြောင့် ကတ်သီးလေးလွှတ်သွားသည်။ သူလည်း လန့်ဖြန့်သွားပြီး မော့အကြည့် ကျွန်မနှင့် အကြည့်ချင်းဆုံသွားသည်။ ထိုအချိန်တွင် စိတ်ဆိုးဒေါသထွက်နေသောအကြည့်နှင့်ကြည့်မလား (သို့) ခွင့်လွှတ်ပြုံးနှင့် ကြည့်မလား။ ရွေးချယ် ရပါမည်။ ကျွန်မ ပြန်ပြုံးပြခဲ့သည်။
သူ၏မျက်နှာ၌ စိတ်သက်သာရာရသွားဟန်ဖြင့် ကျေးဇူးတင်သောအပြုံး ပြုံးပြကာ…
လူသားချင်းပေမို့
ရပ်ရွာ၌ မည်သည့်အခန်းကဏ္ဍကို တာဝန်ယူရသနည်းဟူသည့် မေးခွန်းက တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူမဖြစ်ပါ။ သို့သော် ထိုမေးခွန်း အမေးခံရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် သူ့တံဆိပ်ပြားထုတ်ပြခြင်း၊ သူ့ရာထူးကို ပြောကြားခြင်းမပြုဘဲ ‘‘ကျွန်တော်တို့ဟာ ပဋိပက္ခအရေးအခင်းကြားက လူတွေနဲ့ အလုပ်လုပ်နေတဲ့ လူသားတွေ ပါဘဲ’’ ဟု ဖြေကြားခဲ့သည်။
လူသားချင်းအပေါ် သာတူညီမျှ သဘောထားသည့် ထိုစိတ်ဓာတ်အားဖြင့် ရောမတို့၏ညှဉ်းပန်းနှိပ်စက်မှုကို ခံရသည့် ပထမရာစုနှစ်မှ ခရစ်ယာန်များထံ ရေးသားပေးပို့ သည့် ရှင်ပေတရု၏ သတင်းစကားကို သတိရမိသည်။ ‘‘သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနား စုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့’’ (၁ ပေ ၃း၈) ဟု ရှင်ပေတရုက ညွှန်ကြားသည်။ ဒုက္ခအကျဉ်းအကြပ်ထဲ ရောက်နေသူများအပေါ် အကောင်းဆုံး တုံ့ပြန်ပေးနိုင်သော နည်းလမ်းမှာ လူသားချင်း စာနာထောက်ထားလျက် မိမိတို့လည်း လူသားချင်းဖြစ်ကြောင်း…
သင်၏လုံခြုံရာနေရာ
မိသားစုဆွေမျိုးများ ပြန်လည်တွေ့ဆုံခြင်းပွဲသို့ တက်ရောက်ရန် ကျွန်မ သမီးနှင့်အတူ စီစဉ်ခဲ့သည်။ သူသည် ခရီးစဉ်အတွက် စိတ်လှုပ်ရှားနေသဖြင့် ကျွန်မက ကားမောင်း ပေးမည်ဟု ပြောခဲ့သည်။ သူက “ကောင်းတယ်။ ဒါပေမဲ့ သမီးကားနဲ့ဆို ပိုစိတ်ချရတယ်။ မောင်းနိုင်တယ်မဟုတ်လား” ဟုမေးသည်။ သူ၏ကားက ကျွန်မ၏ ကျဉ်းကျဉ်းကြပ်ကြပ် ကားနှင့်စာလျှင် ကျယ်ကျယ်ဝန်းဝန်းရှိသည်ဟု သူယူဆ နေသလားဟုအထင်ဖြင့် သူအား “မေမေ့ကားက ကျဉ်းကျုံ့ နေလို့လား” ဟုမေးလိုက်သည်။ “မဟုတ်ပါဘူး၊ ကျွန်မ ကားက ကျွန်မအတွက် စိတ်ချရတဲ့နေရာဖြစ်လို့ပါ။ ကျွန်မ အတွက် လုံခြုံမှုရှိတယ်လို့ ခံစားရလို့ပါ”ဟုသူဖြေသည်။
သူ၏သုံးသပ်ချက်က ကျွန်မ၏ကိုယ်ပိုင် “လုံခြုံသည့်နေရာ” ကို စဉ်းစားရန် စိန်ခေါ်နေသည်။ ရုတ်ခြည်းပင် သုတ္တံကျမ်း ၁၈း၁၀ ကို ဆင်ခြင်မိသည်။ “ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သော သူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။” ဓမ္မဟောင်း ခေတ်ကာလတွင်…